ကိုယ့်ဘ၀မှာ မင်းတစ်ယောက်ပဲရှိတယ်
အနေတွေဝေး အခြေအနေမပေးလည်း
ကိုယ့်နှလုံးသားက မင်းနဲ့နီးနီးလေးပါ
ကိုယ့်အချစ်ကိုမင်းစိတ်တိုင်းကျ
ပြုပြင်ပြောင်းလဲ ဆုံးမလည့်ပါ ချစ်သူ
အတ္တဆိုတဲ့ တံတိုင်းကြီးကို မင်းနဲ့ငါ
မဝေးဖို့ရာ
အတူတူ ဖျက်စီးပြီး အချစ်လမ်းခရီးလေး
အတူ ဖေါက်လိုက်ကြစို့နော်။
linhtet
Saturday, February 9, 2013
အချစ်ဆုံးသို့တမ်းတခြင်း
ချစ်သူ မင်းနဲ့ငါနားလည်မှုတွေလွဲနေတယ်
အချိန်တိုင်းမှာငါ့ကိုအပြစ်မြင်နေတယ်
ကိုယ့်ဘက်ကလည်းမင်းကို နားလည်ပေးချင်တယ်
မင်းဘက်ကလည်းငါ့ကို နားလည်ပေးပါလားဟင်
ကိုယ်တို့ ရဲ့အမှားတွေကိုပြင် ကြစို့နော်။
ကိုယ်မင်းကိုမုန်းကြည့်တယ် မုန်းလို့မရဘူး
မေ့ကြည့်တယ် မေ့လို့မရဘူး
မင်းကိုကိုယ်ဆက်ချစ်နေမှအဆင်ပြေမယ်ထင်တယ်။
မလိုအပ်ဘူးထင်တဲ့အချစ်တစ်ခု
အခုမှာတော့ လိုအပ်တယ်။
မုန်းနိုင်မယ်ထင်တဲ့ ကိုယ့်ရဲ့စိတ်
မင်းကိုမမုန်းနိုင်ဘူး။
ဝေးရတော့မယ်ထင်တဲ့ ငါတို့ဘဝ
မဝေးအောင်ကြိုးစားချင်တယ်။
ကိုယ့်ကိုခွင့်လွှတ်ပေးနိုင်မလားချစ်သူ။
I Don't Leave You.

Friday, February 8, 2013
လမင်း
ချစ်သူ မင်းအတွက်ငါ
ဖိတ်ခေါ်ထားတဲ့ လမင်းလေးမင်းအတွက်သာနေပြီလေကွာ
မင်းဘယ်ရောက်နေတာလဲ
တို့နှစ်ယောက်တွေ့ဆုံခဲ့တဲ့
လမင်း ရဲ့အရိပ်အောက်မှာ အခု ငါတစ်ယောက်တည်း
မင်းကိုမျှော်နေတာကို
လမင်းလေးကတွေ့ပြီး ပြောတယ်
မင်းချစ်သူဘယ်မှာလဲတဲ့။
သူကျွန်တော့ကိုခွဲခွာသွားတဲ့အချိန် က
ကျွန်တော်လမင်းကြီးကိုတစ်ယောက်တည်းစတင်
ငေးကြည့်နေတဲ့
အချိန်တည်းကပေါ့ဗျာ။
သူနဲ့ဝေးသွားခဲ့တဲ့အချိန်ဘယ်လောက်ပဲကြာကြာ
ကျွန်တော့ရင်ထဲမှာတော့ သူနဲ့ဝေးသွားခဲ့တာ
မနေ့တနေ့ကလိုပါပဲ။
hurt heart

Thursday, February 7, 2013
မင်းအနားမှာနေချင်သူ
ထာဝရအတွက် သူတစ်ယောက်အတွက်
ထာဝစဉ်သာငါ့ရင်ဟာမင်းအတွက် သာနေရာပါ
ဘာတွေပြောင်းလဲ ငါ့ရင်ထဲမှာ
မိန်းကလေးမင်းအတွက် နေရာမှာတခြာဘယ်သူမှ
နေရာမပေးပါဘူးကွာ။
ငါနေချင်တာမင်းအနားငါ့အတွက်နေရာမင်းမှာရှိမှာလား
ထာဝစဉ်သာငါ့ရင်ဟာမင်းအတွက် သာနေရာပါ
ဘာတွေပြောင်းလဲ ငါ့ရင်ထဲမှာ
မိန်းကလေးမင်းအတွက် နေရာမှာတခြာဘယ်သူမှ
နေရာမပေးပါဘူးကွာ။
ငါနေချင်တာမင်းအနားငါ့အတွက်နေရာမင်းမှာရှိမှာလား
ငါတို့ပြည်
အမျိုးဂုဏ်မပျက်စေဖို့ တွေးစရာအတွေးဂေဟာမှာ
တရုတ်နဲ့ကုလား ကင်းဝေးပါစေလို့ဆုတောင်းမိပါတယ်။
ပြည်ထောင်စုဟာတိုင်းရင်းသားတိုင်းရဲ့လက်ထဲမှာ
ပြည်ထောင်စုကိုကာကွယ်မှာတို့တတွေ
မျက်ဖြူစိုက်လေတရုတ်ကြိုက်လေ မဖြစ်စေဖို့
တိုင်းရင်းသားများစုပေါင်းညီညာစွာနဲ့
တို့ပြည်၊တို့မြေ၊တို့နိုင်ငံကို ညီညာလက်တွဲကာကွယ်ထားကာ
အပျက်အဆီး တရားနည်းဖြင့်ကာကွယ်ပါလေ တို့ပြည်သူတွေ။
တို့နိုင်ငံအတွက်အသက်ပေးတဲ့ လူထုခေါင်းဆောင်
တို့ခေါင်းဆောင်အား အလေးပြုသင့် ရိုသေသင်သည်။
တို့ပြည်သူများ ငါတို့အား ထိပါးလာသော တိုင်းတပါးသား
ခေါင်းငုံ့မခံပေ ငါတို့တတွေမှ ပြန်လှန်တုံ့ပြန် လမ်းကြောင်းမှန်နှင့်
ပြည်သူဘက်မှရှိပါစေလေ ကာကွယ်ရေးတွေ။
အချင်းချင်းသတ်ဖြတ် ကင်းဝေးပါစေ ဆုတောင်းနေသော
ပြည်သူများရဲ့ ဆောင်တောင်းများလည်းပြည့်ဝပါစေ ငါတို့ပြည်။
union day

မင်းအတွက်
လမ်းခရီးများဆက်လျှောက်သွား
နောက်ကျခဲ့သူငါ့တစ်ယောက်အား
မင်းပြန်လှည့်လို့ခေါ်မှာလား။
မင်းထားသွားတဲ့နေရက်များ
ငါ့အတွက်တော့အလွမ်းသာများ
ဒါတွေကိုလည်းမင်းမသိ ငါ့မှာတစ်ယောက်တည်း
လွမ်းဆွေးမိ။
အတိတ်ကိုမေ့လိုက်ကိုယ့်ချစ်သူ
ငါကအမြဲတန်းမင်းရဲ့လူ
မင်းလိုအပ်တဲ့အချိန်ပြောထား
ငါရောက်ပေးမယ်မင်းအနား
ငါကိုမင်းလေးစောင့်နိုင်မလား။
လင်းသူ
နောက်ကျခဲ့သူငါ့တစ်ယောက်အား
မင်းပြန်လှည့်လို့ခေါ်မှာလား။
မင်းထားသွားတဲ့နေရက်များ
ငါ့အတွက်တော့အလွမ်းသာများ
ဒါတွေကိုလည်းမင်းမသိ ငါ့မှာတစ်ယောက်တည်း
လွမ်းဆွေးမိ။
အတိတ်ကိုမေ့လိုက်ကိုယ့်ချစ်သူ
ငါကအမြဲတန်းမင်းရဲ့လူ
မင်းလိုအပ်တဲ့အချိန်ပြောထား
ငါရောက်ပေးမယ်မင်းအနား
ငါကိုမင်းလေးစောင့်နိုင်မလား။
လင်းသူ
Sunday, February 3, 2013
အချစ်
မတွေ့တာကြာလည်း စိမ်းမသွားဘူး
မင်းကိုချစ်တာပိုဆိုးလာတယ်။
မင်းစိတ်မချလည်းကိုယ် မမှားဘူး
နောက်တစ်ယောက်လည်းပြောင်းမချစ်ဘူး
မင်းထားသွားမှ ငါနေခဲ့မယ်။
မင်းမုန်းသွားလည်းကိုယ်မမုန်းဘူး
မင်းရဲ့အချစ်လည်းကိုယ်ပစ်ပယ်မထားဘူး
ငါ့ရဲ့အချစ်ကအဲ့လိုပဲ။
လင်းထက်
Subscribe to:
Posts (Atom)