ဖြူစင်လှပတဲ့ ချစ်သူရဲ့မျက်နှာလေးမှာ
ရင်ခုန်သံမြန်နေတဲ့ အကြင်နာအနမ်းလေးတစ်ပွင့် ချွေဆင်းရင်း..............
သာယာတဲ့ဒီဘ၀ကြီးမှာ မင်းနဲ့အတူ အရာရာကိုရင်ဆိုင်ကျော်ဖြတ် သွားချင်တယ်။
ဒီတစ်ခါသာချစ်မိတဲ့ ငါ့ရင်ထဲကအချစ်မှာ
မင်းဆိုတဲ့ကောင်မလေးတစ်ယောက်က ရာသက်ပန်
ဆေးမှင်ရုပ်ရေးဆွဲ သွားတာ သေဆုံးသွားသည့်တိုင်ရှိနေမှာပါ။
အကြင်လက်ကမ်းလင့်လိုက်ပါချစ်သူ...............
အချစ်အတွက် ငါ့ရင်ထဲမှာအတားအဆီးများစွာကနေ.......................
ပေါင်းကူးတံတား အစင်းတစ်ရာ အဖြစ်ပြောင်းလဲသွားမှာပါ။
ထာဝရတည်မြဲနိုင်တဲ့တို့ချစ်ခြင်းကို
တပါးသူတွေ ကြားဝင်စရာမလိုအောင်.............................
တို့နှစ်ဦးသား ခိုင်မြဲစွာနဲ့ ရာသက်ပန်ရိုးမြေကျ ပေါင်းစည်းသွားပါရစေနော်။..........
.
.............................................................................ချစ်သူ။
လင်းထက်
Saturday, March 9, 2013
Wednesday, March 6, 2013
ယုံကြည်ပေးပါ
ငါတွေ့တယ် မင်းအတွက်ဆိုတဲ့ပိုင်ဆိုင်မှုပြပုဒ်တွေပါတဲ့
ငါ့ရင်ထဲကအချစ် ဖွင့်ပြောလိုက်ချင်တယ်
ဒါပေမယ့် ငါ့ရင်ထဲမှာ စွံ့အနေတယ်။
မိန်းကလေး ငါ့အချစ်တခဏမဟုတ်ဘူး
တဘ၀တာ မင်းလေးခိုလှုံခွင့်ရှိပါတယ်
မင်းအတွက်ဆိုကို့ ရင်ကအမြဲဖွင့်ထားပါတယ်။
လေလှိုင်းထဲကချစ်သူမို့
မင်းမယုံကြည့်နိုင်တာ ကိုသိပါတယ်
ဒါပေမယ့် မိန်းကလေး ငါ့အချစ်ကမင်းတစ်ယောက်တည်းဆိုတာ
မင်းလေးကိုသိစေချင်တယ်ကွာ ။
လင်းထက်
ငါ့ရင်ထဲကအချစ် ဖွင့်ပြောလိုက်ချင်တယ်
ဒါပေမယ့် ငါ့ရင်ထဲမှာ စွံ့အနေတယ်။
မိန်းကလေး ငါ့အချစ်တခဏမဟုတ်ဘူး
တဘ၀တာ မင်းလေးခိုလှုံခွင့်ရှိပါတယ်
မင်းအတွက်ဆိုကို့ ရင်ကအမြဲဖွင့်ထားပါတယ်။
လေလှိုင်းထဲကချစ်သူမို့
မင်းမယုံကြည့်နိုင်တာ ကိုသိပါတယ်
ဒါပေမယ့် မိန်းကလေး ငါ့အချစ်ကမင်းတစ်ယောက်တည်းဆိုတာ
မင်းလေးကိုသိစေချင်တယ်ကွာ ။
လင်းထက်
Tuesday, March 5, 2013
နွေဦးအလှ
ငါ့တို့ရဲ့ ပညာသင်ရာ ကျောင်းတော်မဟာကြီးလည်း
ပိတ်သွားခဲ့ပြီ......................
ဝေးကွာသွားကြတဲ့ချစ်သူနှစ်ဦးအတွက်
အလွမ်းတွေကို ပုံဖော်ပေးနေတဲ့ ဥသြော
ငှက်ကလေးရဲ့ အလွမ်းတေး သီဆိုသံတွေကြားနေရပြီ။
နွေဦးမှာပွင့်လန်းနေတဲ့
ကန့်ကော်ပန်းလေးရဲ့ မွေးရနံ့နဲ့အတူ
မြင်သူတကာလိုချင်ဖွယ်ဖြစ်နေတဲ့ သူ့ရဲ့အလှတရားလေးက
နွေဦးရာသီကို နှုတ်ခွန်းဆက်နေတယ်။
ကန့်ကော်ပန်းလေးတွေ ကုန်ဆုံးသွားချိန်မှာတော့
မြန်မာ့ ပွဲတော်တစ်ခုဖြစ်တဲ့ သင်္ကြန်ရာသီမှာ
ပွင့်လန်းလာမယ့် ပိတောက်ပန်းလေး..............
ဒီပန်းလေးရဲ့ မွေးရနံ့ဟာ နွေဦးရာသီလေးကို
ပီပြင်စွာ ပုံဖော်ပေးတယ်။
ဒီလိုသာယာလှတဲ့
လွမ်းဆွတ်ဖွယ်၊သာယာဖွယ် ကောင်းလှတဲ့ နွေဦးရာသီမှာ
လူတိုင်းနစ်မျောခံစားရင်း အတာကူးတဲ့တန်ခူးလမှာ
အညစ်အကြေးများကို အတာရေနဲ့ဆေးကြော နိုင်ကြပါစေ။
မင်းဆက်တာယာ အဏ္ဏ၀ါ
ပိတ်သွားခဲ့ပြီ......................
ဝေးကွာသွားကြတဲ့ချစ်သူနှစ်ဦးအတွက်
အလွမ်းတွေကို ပုံဖော်ပေးနေတဲ့ ဥသြော
ငှက်ကလေးရဲ့ အလွမ်းတေး သီဆိုသံတွေကြားနေရပြီ။
နွေဦးမှာပွင့်လန်းနေတဲ့
ကန့်ကော်ပန်းလေးရဲ့ မွေးရနံ့နဲ့အတူ
မြင်သူတကာလိုချင်ဖွယ်ဖြစ်နေတဲ့ သူ့ရဲ့အလှတရားလေးက
နွေဦးရာသီကို နှုတ်ခွန်းဆက်နေတယ်။
ကန့်ကော်ပန်းလေးတွေ ကုန်ဆုံးသွားချိန်မှာတော့
မြန်မာ့ ပွဲတော်တစ်ခုဖြစ်တဲ့ သင်္ကြန်ရာသီမှာ
ပွင့်လန်းလာမယ့် ပိတောက်ပန်းလေး..............
ဒီပန်းလေးရဲ့ မွေးရနံ့ဟာ နွေဦးရာသီလေးကို
ပီပြင်စွာ ပုံဖော်ပေးတယ်။
ဒီလိုသာယာလှတဲ့
လွမ်းဆွတ်ဖွယ်၊သာယာဖွယ် ကောင်းလှတဲ့ နွေဦးရာသီမှာ
လူတိုင်းနစ်မျောခံစားရင်း အတာကူးတဲ့တန်ခူးလမှာ
အညစ်အကြေးများကို အတာရေနဲ့ဆေးကြော နိုင်ကြပါစေ။
မင်းဆက်တာယာ အဏ္ဏ၀ါ
Subscribe to:
Posts (Atom)