Friday, February 28, 2014

နားလည်ယုံကြည်ချစ်သူဆီသို့

ဝေးကွာမှုတွေက ဘယ်လောက်ပင်တားစီးထားပါစေ
နီးနီးလေးရှိနေမယ့် ငါတို့ရဲ့စိတ်တွေကို
တားစီးနိုင်မယ်လို့ ငါမထင်ဘူးချစ်သူ
ငါတို့တွေ့ဆုံခဲ့တာဝေးကွာဖို့ မဟုတ်ပါရစေနဲ့နော်
အချိန်တွေဘယ်လောက်ပြောင်းပြောင်း
ငါတို့ရဲ့ချစ်တဲ့ စိတ်တွေကိုပြောင်းလဲနိုင်မယ်မထင်ဘူး
ယုံကြည်လိုက်နော် ငါ့ရဲ့အချစ်တွေကို
မိန်းကလေး မင်းအတွက် ငါဆိုတာ
မင်းလိုအပ်သမျှကို ဖြည့်စည်းပေးနေမယ့်သူပါ

နည်းနည်းလေးတော့ အထင်လွဲမှုတွေရှိနေမယ်
ဒါပေမယ့်မိန်းကလေးရယ် ငါ့တို့အချစ်တွေက
ငါနဲ့မင်းအတွက် အဲ့ဒီ့လွဲနေတဲ့ အထင်တွေကို
တည့်မတ်ပေးနိုင်ပါတယ် မင်းငါ့ကိုချစ်နေသရွေ့ပေါ့ကွာ...........။

တောက်ပမှုနဲ့ ညှို့ငင်နိုင်စွမ်း



 
မင်းရဲ့မျက်ဝန်းတစ်စုံက တောက်ပနေတယ်
ညှို့ငင်နိုင်စွမ်းတွေနဲ့ပြည့်နက်နေတဲ့ဒီမျက်ဝန်းလေးက
ငါ့အတွက် ရုန်းမထွက်နိုင်တဲ့အချစ်ထောင်ချောက်ဖြစ်နေပြီ
ရုန်းမထွက်နိုင်တဲ့ နွံအိုင်တစ်ခုထဲကလူတစ်ယောက်လို
လှုပ်လေမြုပ်နေဖြစ်နေမှာပဲကွာ ဒါပေမယ့်နော်
ငါလေဒီနွံအိုင်ထဲကရုံးထွက်ဖို့ ကြိုးတစ်ချောင်းကိုအလိုမရှိဘူး
ဒီနွံအိုင်ထဲက ကယ်ပေးမယ့်လူတစ်ယောက်ကို အလိုမရှိဘူး
ဒီနွံအိုင်ထဲမှာ ပဲ ငါ့ဘ၀ကြီးဆုံးပါစေ......................။
ငါ့အချစ်စိတ်တွေကတော့ ရှင်သန်နေမှာပါကွာ
ဒီစိတ်တွေကိုဖန်တီးပေးထားတဲ့ မင်းမျက်ဝန်းတွေကို
ငါလေဒီတသက်မေ့တော့မယ်မထင်ဘူးကွာ...............။