မေတ္တာတရား သစ္စာတရားကို
မြေမှာချနင်း ကြွေခင်းအသဲပန်း
မေတ္တာအမိုးအောက်ခိုဝင်နားလို့
မာနတရားနဲ့ ရှောင်ခွာပြေးသွားတဲ့
ကို့ချစ်သူ...................................။
မင်းစိတ်ချမ်းသာဖို့ ကိုနေခဲ့ပါ့မယ်
မင်းစိတ်ချမ်းသာဖို့ ဆိုနေခဲ့တဲ့
အမုန်းစကားတွေ............။
အရှုံးမဲ့ သစ္စာတရားက
အမုန်းမဲ့ မေတ္တာတရားတစ်ခုကို
ပုံဖော်ရင်း မင်းအတွက်ငါ
မင်းနဲ့ဝေးရာထွက်သွားလိုက်ပါပြီ
ကိုယ့် ချစ်သူလေး................................။
အဏ္ဏ၀ါသားလေး(လင်း)