Saturday, January 26, 2013
ခေါင်းစဉ်
ဒီကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးမှာ.......
ခေါင်းစဉ်ဆိုတာရှိတယ်တဲ့။။
ခေါင်းစဉ်မရှိရင် မတိကျဘူးလို့ထင်ကြတယ်....
ကျွန်တော်ယုံကြည့်ထားတဲ့ ခေါင်းစဉ်မရှိဘူးဆိုတဲ့
အရာတစ်ခုရှိတယ် ဒါကိုလူတိုင်းတွေကြုံရတယ်။
အဲ့အရာကို အချစ်လို့လူသိများကြတယ်
ကျွန်တော့အတွက်တော့ အချစ်ကခေါင်းစဉ်မရှိဘူး
သူ့တစ်ယောက်ကို ချစ်မိတာဘာကြောင်းလဲ
ဘယ်လိုလဲတို့ဘာတို့မေးနေကြတယ်။
ဒါပေမယ့် ကျွန်တော်ကသူစိတ်ချမ်းသာအောင်
ပြောပေးလိုက်တယ် ဒါပေမယ့်ကျွန်တော့အချစ်ကဘာကြောင့်လဲ
ဆိုတဲ့ခေါင်းစဉ် လုံးဝမရှိပါဘူး သူငယ်ချင်းတို့ရယ်။
(လင်းသူ)
Thursday, January 24, 2013
လေညင်းလာပြီ ချစ်သူဆီ
ညနေခင်းလေးတစ်ခုမှာ
ကျွန်တော့ချစ်သူ ဆီသို့လေညင်းလေးတစ်ခုဝင်ရောက်တိုက်ခတ်သွားသည်
သူမပါးလေးကိုကျွန်တော့ လက်နဲ့ဖမ်းအုပ်ထားမိလိုက်သည်
အဲ့ဒါကိုချစ်သူကမေးတယ် ဘာလို့လဲတဲ့
ကျွန်တော်ပြန်ဖြေမိတာက
ကိုယ့်ချစ်သူကိုကိုယ်ကလွဲလို့ဘယ်သူ။ဘယ်အရာမှကိုယ်နမ်းရှိုတ်ခွင့်မပြုနိုင်ဘူး ချစ်သူလို့....
ဒီတော့ချစ်သူကပြောတယ်
နောက်တစ်ခုလေညင်းလေး ချစ်သူဆီလာရင်လည်းကာကွယ်ပေးပါ ချစ်တဲ့မောင်တဲ့။။
လင်းသူ

Sunday, January 20, 2013
အချစ်ပွဲစစ်ပွဲတစ်ရာ
အချစ်ဆိုတာ နူးညံ့ပေမယ့်
ငါ့အတွက်တော့ ခက်ခဲတယ်
ချစ်သူမင်း ငါ့ကိုတကယ်မချစ်နိုင်ဘူးလား?
ငါမင်းချစ်လာအောင်ဘာတွေကို ပြုပြင်ပြောင်းလဲပြီး
ဘာတွေကိုလိုက်နာရမှာလဲဟင်?
စစ်ပွဲဆိုတာကြမ်းတမ်းတယ်
ဒါပေမယ့်ကြိုးစားတိုက်ခိုက်ရတယ်
စစ်ပွဲတစ်ပွဲနိုင်အောင်တိုက်နိုင်ပေမယ့်
စစ်ပွဲတစ်ရာကိုနိုင်အောင် ငါ့ဘက်ကကျွမ်းကျင်မှု၊ဇွဲရှိမှုဆိုတဲ့
အရာကို ပိုင်နိုင်ထားရတယ်။
လူတွေကပြောကြတယ်အချစ်တစ်ပွဲစစ်ပွဲတစ်ရာတဲ့
နူးညံ့နေတဲ့အချစ်ဆိုတာကို မင်းဆီကရရှိဖို့အတွက်
စစ်ပွဲတစ်ရာကိုအောင်နိုင်ရမယ် ဆိုတဲ့အရာကြီးကငါ့ကို
တားဆီးထားတယ်။

Subscribe to:
Posts (Atom)