Sunday, January 20, 2013

အချစ်ပွဲစစ်ပွဲတစ်ရာ

  အချစ်ဆိုတာ နူးညံ့ပေမယ့်
  ငါ့အတွက်တော့ ခက်ခဲတယ်
  ချစ်သူမင်း ငါ့ကိုတကယ်မချစ်နိုင်ဘူးလား?
  ငါမင်းချစ်လာအောင်ဘာတွေကို ပြုပြင်ပြောင်းလဲပြီး
  ဘာတွေကိုလိုက်နာရမှာလဲဟင်?
 
  စစ်ပွဲဆိုတာကြမ်းတမ်းတယ်
  ဒါပေမယ့်ကြိုးစားတိုက်ခိုက်ရတယ်
  စစ်ပွဲတစ်ပွဲနိုင်အောင်တိုက်နိုင်ပေမယ့်
  စစ်ပွဲတစ်ရာကိုနိုင်အောင် ငါ့ဘက်ကကျွမ်းကျင်မှု၊ဇွဲရှိမှုဆိုတဲ့
  အရာကို ပိုင်နိုင်ထားရတယ်။
 
  လူတွေကပြောကြတယ်အချစ်တစ်ပွဲစစ်ပွဲတစ်ရာတဲ့
  နူးညံ့နေတဲ့အချစ်ဆိုတာကို မင်းဆီကရရှိဖို့အတွက်
  စစ်ပွဲတစ်ရာကိုအောင်နိုင်ရမယ် ဆိုတဲ့အရာကြီးကငါ့ကို
  တားဆီးထားတယ်။

No comments:

Post a Comment