ဝေးကွာမှုတွေက ဘယ်လောက်ပင်တားစီးထားပါစေ
နီးနီးလေးရှိနေမယ့် ငါတို့ရဲ့စိတ်တွေကို
တားစီးနိုင်မယ်လို့ ငါမထင်ဘူးချစ်သူ
ငါတို့တွေ့ဆုံခဲ့တာဝေးကွာဖို့ မဟုတ်ပါရစေနဲ့နော်
အချိန်တွေဘယ်လောက်ပြောင်းပြောင်း
ငါတို့ရဲ့ချစ်တဲ့ စိတ်တွေကိုပြောင်းလဲနိုင်မယ်မထင်ဘူး
ယုံကြည်လိုက်နော် ငါ့ရဲ့အချစ်တွေကို
မိန်းကလေး မင်းအတွက် ငါဆိုတာ
မင်းလိုအပ်သမျှကို ဖြည့်စည်းပေးနေမယ့်သူပါ
နည်းနည်းလေးတော့ အထင်လွဲမှုတွေရှိနေမယ်
ဒါပေမယ့်မိန်းကလေးရယ် ငါ့တို့အချစ်တွေက
ငါနဲ့မင်းအတွက် အဲ့ဒီ့လွဲနေတဲ့ အထင်တွေကို
တည့်မတ်ပေးနိုင်ပါတယ် မင်းငါ့ကိုချစ်နေသရွေ့ပေါ့ကွာ...........။
ခံစားချက် တပိုင်းတစလေးများ
လှိုက်လှဲစွာကြိုဆိုပါ၏
Friday, February 28, 2014
တောက်ပမှုနဲ့ ညှို့ငင်နိုင်စွမ်း
မင်းရဲ့မျက်ဝန်းတစ်စုံက တောက်ပနေတယ်
ညှို့ငင်နိုင်စွမ်းတွေနဲ့ပြည့်နက်နေတဲ့ဒီမျက်ဝန်းလေးက
ငါ့အတွက် ရုန်းမထွက်နိုင်တဲ့အချစ်ထောင်ချောက်ဖြစ်နေပြီ
ရုန်းမထွက်နိုင်တဲ့ နွံအိုင်တစ်ခုထဲကလူတစ်ယောက်လို
လှုပ်လေမြုပ်နေဖြစ်နေမှာပဲကွာ ဒါပေမယ့်နော်
ငါလေဒီနွံအိုင်ထဲကရုံးထွက်ဖို့ ကြိုးတစ်ချောင်းကိုအလိုမရှိဘူး
ဒီနွံအိုင်ထဲက ကယ်ပေးမယ့်လူတစ်ယောက်ကို အလိုမရှိဘူး
ဒီနွံအိုင်ထဲမှာ ပဲ ငါ့ဘ၀ကြီးဆုံးပါစေ......................။
ငါ့အချစ်စိတ်တွေကတော့ ရှင်သန်နေမှာပါကွာ
ဒီစိတ်တွေကိုဖန်တီးပေးထားတဲ့ မင်းမျက်ဝန်းတွေကို
ငါလေဒီတသက်မေ့တော့မယ်မထင်ဘူးကွာ...............။

Wednesday, February 19, 2014
တို့နှစ်ယောက်လျှောက်လှမ်းနိုင်မှာပါ
ချစ်သူနှစ်ဦးရဲ့တွေ့ဆုံချိန်ကတိုတောင်းလွန်းတယ်
ဆိုပေမယ့်လည်း...............................
နှစ်ဦးသားပြောဆိုနေတဲ့စကားလုံးလေးတွေက
ခိုင်မာလွန်းတယ်...............................
တစ်ဦးနဲ့တဦးနားလည်မှုတွေမလိုဘူးဆိုပေမယ့်
တစ်ဦးရင်ထဲမှာတစ်ဦးကို ယုံကြည်မှုရှိပြီး
တစ်ဦးဘ၀အား တစ်ဦးကိုပေးအပ်ရင်း
ဘ၀တစ်ခုကိုနှစ်ဦးသား ဦ်းဆောင်သွားတော့မယ်
ယုံကြည်ချက်တွေကို မွေးဖွားရင်း မျှော်လင်းခြင်း

Sunday, November 3, 2013
အမုန်းမထားပါနဲ့
မတွေ့တာကြာပေမယ့် မေ့မသွားပါဘူး
အဝေးသွားနေပေမယ့် နှလုံးသားဝေးမသွားပါဘူး
နှုတ်ဆတ်ခဲ့ပေမယ့် အဲ့ဒါထာဝရအတွက်မဟုတ်ပါဘူး
အပြုံးတွေရှိပေမယ့် ၀မ်းနည်းမှုတွေမြိုသိပ်ထားတာပါ
နားလည်မှုလွဲနေပေမယ့် တူညီစွာနားလည်ထားတဲ့
အချစ်ဆိုတာတော့ တို့နှစ်ယောက်ကြားမှာ ရှိနေမှာပါ
အဆိုးမြင်နေပေမယ့် အကောင်းတွေကိုမမေ့သေးပါဘူး
မချစ်နိုင်တော့ဘူးဆိုတဲ့ မင်းအတွက်အပစ်တွေမရှိတဲ့ ငါ့ရင်ခွင်လေးပါ...............။
မုန်းတော့မမုန်းပါနဲ့ အလိုသိစွာ
မင်းရဲ့အဝေးကိုထွက်သွားမှာ ငါ့အချစ်စိတ်ပါ
မိန်းကလေး ကျေးဇူးပြုပြီး
အမုန်းမထားပါနဲ့................။

Monday, October 21, 2013
သွားခွင့်ပြုပါအုံး
မေတ္တာတရား သစ္စာတရားကို
မြေမှာချနင်း ကြွေခင်းအသဲပန်း
မေတ္တာအမိုးအောက်ခိုဝင်နားလို့
မာနတရားနဲ့ ရှောင်ခွာပြေးသွားတဲ့
ကို့ချစ်သူ...................................။
မင်းစိတ်ချမ်းသာဖို့ ကိုနေခဲ့ပါ့မယ်
မင်းစိတ်ချမ်းသာဖို့ ဆိုနေခဲ့တဲ့
အမုန်းစကားတွေ............။
အရှုံးမဲ့ သစ္စာတရားက
အမုန်းမဲ့ မေတ္တာတရားတစ်ခုကို
ပုံဖော်ရင်း မင်းအတွက်ငါ
မင်းနဲ့ဝေးရာထွက်သွားလိုက်ပါပြီ
ကိုယ့် ချစ်သူလေး................................။
အဏ္ဏ၀ါသားလေး(လင်း)

Thursday, July 11, 2013
my hope
ချစ်သူ................
အကြင်နာတရားနဲ့ တိုင်ထူ
မေတ္တာတရားနဲ့ အမိုး မိုး ထားတဲ့
ချစ်ခြင်းတွေပြည့် နက်နေမယ့် အိမ်ကလေးကို
ဆောက်လုပ်ထားတယ်နော်...........................။
ကို့ရဲ့ အချစ်တွေကိုစည်းရိုးကာပြီး
နှလုံးသွေးနဲ့ စိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေကြားထဲမှာ
ငါ.......................သိပ်ချစ်ရတဲ့
ချစ်သူ.............................မင်းနဲ့အတူ နေထိုင်ခွင့်လေးမျှော်လင့်မိပါတယ်.။
ချစ်သူ...............
ဝေးကွာခြင်းဆိုတာ ကိုခေါက်ထားပြီး
တွေ့ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့
နေထိုင်ရင်း မင်းအတွက်ငါ့ရဲ့ ချစ်ခြင်းတွေကို
တေးသီဖွဲ့ပြီး သီဆိုခွင့် ပြုနော်.................။
hurt heart

Thursday, June 13, 2013
Subscribe to:
Posts (Atom)