Thursday, June 13, 2013
ရပ်တန့်ပေးပါ
ချစ်သူ........မင်းနဲ့ဆုံတွေ့ချိန်မှာ
သာနေတဲ့ လမင်းကြီး အမြဲတမ်းတည်ရှိနေအောင်
အချိန်ဆိုတဲ့ လှည်းယာဉ်ကြီးရယ်..........ရပ်တန့်ပေးပါလားကွာ...။
ချစ်သူ.........၀သန်ဆိုတဲ့ မိုးရာသီမှာ
မင်းနဲ့ ကိုယ်နဲ့ တွေ့ဆုံခွင့်အတွက်
ရွာသွန်းနေတဲ့ မိုးရေတွေရယ်
တို့နှစ်ယောက်တွေ့ခွင့်ရအောင်ရပ်တန့် ပေးပါလားကွာ.....။
ချစ်သူ........မင်းနဲ့အတူရှိနေချိန်မှာ
ငါ့တို့နှစ်ယောက်ရဲ့ တွေခွင့်ရတဲ့ အချိန်တွေကို
ရပ်တန့်ခွင့်မရရင်တောင်မှ နှေးသွားစေချင်တယ်ကွာ.........။
မင်းရင်ထဲမှာရှိတဲ့ ငါ့ကိုချစ်တဲ့အချစ်တွေ
မုန်းမသွားနိုင်အောင် ချစ်နေချိန်လေးမှာပဲ
အချစ်စိတ်တွေကို အမုန်းကိုမရောက်ရှိအောင်
ရပ်တန့်ပေးလားကွာ နော် ချစ်သူ...........။
လင်းထက်(ပုသိမ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment