Tuesday, February 26, 2013

မင်းပျော်ရွှင်ပါစေ

တကယ်တမ်း မယုံကြည်သေးတာက
ငါ့အပေါ်ထားတဲ့ မင်းရဲ့စိတ်။

တိမ်ညိုများလိုဖုန်းလွှမ်းနေတော့
မင်းရဲ့စိတ်ကိုမြင်အောင်မကြည့်နိုင်ခဲ့ဘူး။

 ထာဝရလို့ငါယုံကြည့်ထင်မှတ်ထားပေမယ့်
တခဏဆိုတဲ့ တို့နှစ်ယောက် ဇာတ်လမ်းလေးက ဘာကိုမှ နားလည်မပေးခဲ့ဘူးချစ်သူ။

 ထာဝရဆိုတဲ့ ခွဲခွာခြင်းကို မလိုချင် လက်ကာမိပေမယ့်
ဒါကိုမှ ပေးခဲ့တဲ့ မိန်းကလေး မင်းဘ၀မှာ သာယာလှပဖြောင့်ဖြူးပါစေ။

Monday, February 25, 2013

တိတ်တခိုး

နွေဦးလေညှင်း တိုက်ခက်နေချိန်
မိန်းကလေးမင်းလှမ်းလျှောက်လာတဲ့
လမ်းပေါ်မှာ.............

ကို့ရဲ့နှလုံးသား ကျွေလွင့်နေပြီး
မင်းအတွက် လျှောက်လမ်းလေးတစ်ခု
ခင်းပေးထားတယ်နော်........

နွေဦးပန်းလေးတွေက
မင်းအတွက်...........
ကို့နှလုံးသွေးနဲ့ စိုက်ပျိုးထားတာ
အခုဆို မွေးရနံ့ကြိုင်သင်းပြီး
ချစ်သူ့အတွက်အကြင်နာပန်းခင်းကြီးဖြစ်နေပြီ
ချစ်သူ..............

ဆောင်းအကုန်နွေအကူးမှာ
ရွက်သစ်တို့အတွက် ရွက်ဟောင်းတွေကျွေကျပေးရသလို
မင်းအချစ်အတွက် ငါ့ရဲ့နှလုံးသား လည်းကျွေကျပြီး
အချစ်လမ်းခရီးလေးတခုဖြစ်နေပြီ
ချစ်သူ.........
မင်းလျှောက်လှမ်းလာခဲ့ပါ
ကို့ရင်ထဲမှာရှိတဲ့ အကြင်နာပန်းခြံလေးထဲကိုပေါ့။။။။။။။