Tuesday, February 26, 2013

မင်းပျော်ရွှင်ပါစေ

တကယ်တမ်း မယုံကြည်သေးတာက
ငါ့အပေါ်ထားတဲ့ မင်းရဲ့စိတ်။

တိမ်ညိုများလိုဖုန်းလွှမ်းနေတော့
မင်းရဲ့စိတ်ကိုမြင်အောင်မကြည့်နိုင်ခဲ့ဘူး။

 ထာဝရလို့ငါယုံကြည့်ထင်မှတ်ထားပေမယ့်
တခဏဆိုတဲ့ တို့နှစ်ယောက် ဇာတ်လမ်းလေးက ဘာကိုမှ နားလည်မပေးခဲ့ဘူးချစ်သူ။

 ထာဝရဆိုတဲ့ ခွဲခွာခြင်းကို မလိုချင် လက်ကာမိပေမယ့်
ဒါကိုမှ ပေးခဲ့တဲ့ မိန်းကလေး မင်းဘ၀မှာ သာယာလှပဖြောင့်ဖြူးပါစေ။

No comments:

Post a Comment