ငါ့တို့ရဲ့ ပညာသင်ရာ ကျောင်းတော်မဟာကြီးလည်း
ပိတ်သွားခဲ့ပြီ......................
ဝေးကွာသွားကြတဲ့ချစ်သူနှစ်ဦးအတွက်
အလွမ်းတွေကို ပုံဖော်ပေးနေတဲ့ ဥသြော
ငှက်ကလေးရဲ့ အလွမ်းတေး သီဆိုသံတွေကြားနေရပြီ။
နွေဦးမှာပွင့်လန်းနေတဲ့
ကန့်ကော်ပန်းလေးရဲ့ မွေးရနံ့နဲ့အတူ
မြင်သူတကာလိုချင်ဖွယ်ဖြစ်နေတဲ့ သူ့ရဲ့အလှတရားလေးက
နွေဦးရာသီကို နှုတ်ခွန်းဆက်နေတယ်။
ကန့်ကော်ပန်းလေးတွေ ကုန်ဆုံးသွားချိန်မှာတော့
မြန်မာ့ ပွဲတော်တစ်ခုဖြစ်တဲ့ သင်္ကြန်ရာသီမှာ
ပွင့်လန်းလာမယ့် ပိတောက်ပန်းလေး..............
ဒီပန်းလေးရဲ့ မွေးရနံ့ဟာ နွေဦးရာသီလေးကို
ပီပြင်စွာ ပုံဖော်ပေးတယ်။
ဒီလိုသာယာလှတဲ့
လွမ်းဆွတ်ဖွယ်၊သာယာဖွယ် ကောင်းလှတဲ့ နွေဦးရာသီမှာ
လူတိုင်းနစ်မျောခံစားရင်း အတာကူးတဲ့တန်ခူးလမှာ
အညစ်အကြေးများကို အတာရေနဲ့ဆေးကြော နိုင်ကြပါစေ။
မင်းဆက်တာယာ အဏ္ဏ၀ါ
No comments:
Post a Comment