ပန်းလေးတွေပွင့်နေပြီချစ်သူ
ငါစိုက်ပျိုးထားတဲ့ အချစ်ဥယျာဉ်ကြီးထဲမှာ..........
အလှတရားတွေပေါင်းစုနေတဲ့
ဒီဥယျာဉ် ထဲမှာပွင့်လန်းနေတဲ့
ပန်းလေးတွေရဲ့ အလှကိုငေးကြည့်မိတယ်
ဒါပေမယ့်ချစ်သူ................
ပန်းလေးတွေရဲ့ အလှထက်မင်းရဲ့အလှက
သာလွန်းပါတယ်ကွာ။
Friday, March 15, 2013
Wednesday, March 13, 2013
မိန်ကလေး
ဒူးပေါ်ပေါင်ပေါ် မ၀တ်နဲ့
လူမလှရင်နေ စိတ်ထားလှပါစေ....................
မိတ်ကပ်အရေခွံ သိပ်မဖုံးနဲ့
သနပ်ခါးလေးလည်းလှပါတယ်.................
ချစ်သူရည်းစားသိပ်မများနဲ့
တစ်ခါချစ်ကို မြဲပါစေ.........................
ပန်းပွင့်ကလေးခေါင်းပေါ်တင်လို့..
သနပ်ခါးနဲ့ ကိုယ့်ချစ်သူ
မြန်မာရင်ဖုံးလေးနဲ့ လှပါတယ်ကွာ။

Sunday, March 10, 2013
မဖြစ်နိုင်ဘူး(မဝေးနိုင်ဘူး)
မင်းက
အချစ်ကိုဟာသတစ်ခုလို ထင်တာလား
ဒါပေမယ့် အချစ်ကမင်းထင်သလိုမဖြစ်နိုင်ဘူး.............
အာဒန် နဲ့ဧ၀ တို့ကဟာသပြဇာတ်တစ်ခုမဟုတ်လို့ပဲ။။
ငါ့အချစ်ကိုမင်းက
ခဏတာအချစ်လို့မင်းထင်နေတာလား
ဒါပေမယ့် ငါ့ရင်ထဲမှာတော့ မင်းထင်သလိုမဖြစ်နိုင်ဘူး...........
မင်းအတွက်နဲ့ခံစားရတဲ့အချစ်တွေက
ငါ့နှလုံးသားမှာ
ဆေးမှင်ရုပ်ရေးဆွဲထားသလို မပျောက်မပျက်ဘဲရှိနေလို့ပဲ။
ငါတို့အချစ်ကိုမင်းက
တစ်ချိန်ချိန်တော့ပြီးသွားမှာလို့ မင်းယုံကြည်ထားတာလား
ဒါပေမယ့် ငါ့ဘက်ကတော့မင်းထင်သလို
မဖြစ်နိုင်ဘူး...............လို့ထင်တယ်
မိန်းကလေး..........
ငါမင်းကိုစချစ်ခဲ့တာ ဝေးသွားဖို့လို့
ခံယူမထားလို့ပဲ....................။
လင်းထက်

Subscribe to:
Posts (Atom)