မင်းက
အချစ်ကိုဟာသတစ်ခုလို ထင်တာလား
ဒါပေမယ့် အချစ်ကမင်းထင်သလိုမဖြစ်နိုင်ဘူး.............
အာဒန် နဲ့ဧ၀ တို့ကဟာသပြဇာတ်တစ်ခုမဟုတ်လို့ပဲ။။
ငါ့အချစ်ကိုမင်းက
ခဏတာအချစ်လို့မင်းထင်နေတာလား
ဒါပေမယ့် ငါ့ရင်ထဲမှာတော့ မင်းထင်သလိုမဖြစ်နိုင်ဘူး...........
မင်းအတွက်နဲ့ခံစားရတဲ့အချစ်တွေက
ငါ့နှလုံးသားမှာ
ဆေးမှင်ရုပ်ရေးဆွဲထားသလို မပျောက်မပျက်ဘဲရှိနေလို့ပဲ။
ငါတို့အချစ်ကိုမင်းက
တစ်ချိန်ချိန်တော့ပြီးသွားမှာလို့ မင်းယုံကြည်ထားတာလား
ဒါပေမယ့် ငါ့ဘက်ကတော့မင်းထင်သလို
မဖြစ်နိုင်ဘူး...............လို့ထင်တယ်
မိန်းကလေး..........
ငါမင်းကိုစချစ်ခဲ့တာ ဝေးသွားဖို့လို့
ခံယူမထားလို့ပဲ....................။
လင်းထက်
No comments:
Post a Comment