Friday, March 15, 2013

သာပါတယ်

ပန်းလေးတွေပွင့်နေပြီချစ်သူ
ငါစိုက်ပျိုးထားတဲ့ အချစ်ဥယျာဉ်ကြီးထဲမှာ..........
အလှတရားတွေပေါင်းစုနေတဲ့
ဒီဥယျာဉ် ထဲမှာပွင့်လန်းနေတဲ့
ပန်းလေးတွေရဲ့ အလှကိုငေးကြည့်မိတယ်
ဒါပေမယ့်ချစ်သူ................
ပန်းလေးတွေရဲ့ အလှထက်မင်းရဲ့အလှက
သာလွန်းပါတယ်ကွာ။


ငါမင်းကို ချစ်မိတဲ့
အချစ်က............
မပြည့်မစုံရှိလို့ ထားသွားတဲ့
မိန်းကလေးတွေရဲ့အချစ်က
ငါ့အတွက် အလွမ်းတွေဖြစ်ခဲ့ရပေမယ့်
ချစ်သူ................
မင်းငါ့ကိုပေးခဲ့တဲ့အချစ်က
ငါ့ဘ၀မှာ ပြည့်စုံမှုတွေရှိအောင်
လုပ်ဆောင်ပေးတဲ့အတွက်
မင်းအချစ်က သာပါတယ်ကွာ။

ငါမင်းကိုချစ်ခဲ့တာ
ငါ့အတွက် အားဆေးတစ်တောင့်လို
ဖြစ်ခဲ့ပါပြီ.........................
ထာဝစဉ်သာငါ့ရင်ထဲမှာမင်းတစ်ယောက်တည်းရှိနေတော့မှာပါကွာ။

No comments:

Post a Comment