ဒါပေမယ့်.............
ဥယျာဉ်မှူးရဲ့ မထိရက် မကိုင်ရက် မတို့ရက်တဲ့
ပထမဆုံးသော ရင်ထဲက ပန်းလေးကိုမှ
အချိန်မတန်ခင်မှာ တစ်ခြား သူတစ်ဦးက
ခူးခြွေသွားခဲ့မယ်ဆိုရင် ပန်းလေးရယ်
သံယောဇဉ်ကြီးလွန်းတဲ့ ဥယျာဉ်မှူးရင်ထဲမှာတော့
ဆောင်းရာသီမှာ နေဆယ်စင်းအပြိုင်
လင်းနေသလို ပူလောင်နေပါလိမ့်မယ်
ဒါကိုပန်းလေး သိနိုင်ပါစေနော်။
သက်ထား(ပုသိမ်)
No comments:
Post a Comment