တကယ်တမ်း မယုံကြည်သေးတာက
ငါ့အပေါ်ထားတဲ့ မင်းရဲ့စိတ်။
တိမ်ညိုများလိုဖုန်းလွှမ်းနေတော့
မင်းရဲ့စိတ်ကိုမြင်အောင်မကြည့်နိုင်ခဲ့ဘူး။
ထာဝရလို့ငါယုံကြည့်ထင်မှတ်ထားပေမယ့်
တခဏဆိုတဲ့ တို့နှစ်ယောက် ဇာတ်လမ်းလေးက
ဘာကိုမှ နားလည်မပေးခဲ့ဘူးချစ်သူ။
ထာဝရဆိုတဲ့ ခွဲခွာခြင်းကို မလိုချင် လက်ကာမိပေမယ့်
ဒါကိုမှ ပေးခဲ့တဲ့ မိန်းကလေး မင်းဘ၀မှာ
သာယာလှပဖြောင့်ဖြူးပါစေ။
Tuesday, February 26, 2013
Monday, February 25, 2013
တိတ်တခိုး
နွေဦးလေညှင်း တိုက်ခက်နေချိန်
မိန်းကလေးမင်းလှမ်းလျှောက်လာတဲ့
လမ်းပေါ်မှာ.............
ကို့ရဲ့နှလုံးသား ကျွေလွင့်နေပြီး
မင်းအတွက် လျှောက်လမ်းလေးတစ်ခု
ခင်းပေးထားတယ်နော်........
နွေဦးပန်းလေးတွေက
မင်းအတွက်...........
ကို့နှလုံးသွေးနဲ့ စိုက်ပျိုးထားတာ
အခုဆို မွေးရနံ့ကြိုင်သင်းပြီး
ချစ်သူ့အတွက်အကြင်နာပန်းခင်းကြီးဖြစ်နေပြီ
ချစ်သူ..............
ဆောင်းအကုန်နွေအကူးမှာ
ရွက်သစ်တို့အတွက် ရွက်ဟောင်းတွေကျွေကျပေးရသလို
မင်းအချစ်အတွက် ငါ့ရဲ့နှလုံးသား လည်းကျွေကျပြီး
အချစ်လမ်းခရီးလေးတခုဖြစ်နေပြီ
ချစ်သူ.........
မင်းလျှောက်လှမ်းလာခဲ့ပါ
ကို့ရင်ထဲမှာရှိတဲ့ အကြင်နာပန်းခြံလေးထဲကိုပေါ့။။။။။။။
မိန်းကလေးမင်းလှမ်းလျှောက်လာတဲ့
လမ်းပေါ်မှာ.............
ကို့ရဲ့နှလုံးသား ကျွေလွင့်နေပြီး
မင်းအတွက် လျှောက်လမ်းလေးတစ်ခု
ခင်းပေးထားတယ်နော်........
နွေဦးပန်းလေးတွေက
မင်းအတွက်...........
ကို့နှလုံးသွေးနဲ့ စိုက်ပျိုးထားတာ
အခုဆို မွေးရနံ့ကြိုင်သင်းပြီး
ချစ်သူ့အတွက်အကြင်နာပန်းခင်းကြီးဖြစ်နေပြီ
ချစ်သူ..............
ဆောင်းအကုန်နွေအကူးမှာ
ရွက်သစ်တို့အတွက် ရွက်ဟောင်းတွေကျွေကျပေးရသလို
မင်းအချစ်အတွက် ငါ့ရဲ့နှလုံးသား လည်းကျွေကျပြီး
အချစ်လမ်းခရီးလေးတခုဖြစ်နေပြီ
ချစ်သူ.........
မင်းလျှောက်လှမ်းလာခဲ့ပါ
ကို့ရင်ထဲမှာရှိတဲ့ အကြင်နာပန်းခြံလေးထဲကိုပေါ့။။။။။။။
Saturday, February 16, 2013
ကျန်ရစ်ခဲ့ပါပြီကွာ
ဒီအချိန်ဆိုတို့နှစ်ဦးတွေ့နေကြပေမယ့်
အခုမှာတော့.........................
မိန်းကလေးမင်းထွက်သွားခဲ့တာ
ငါ့အတွက်1နှစ်ဆိုတဲ့ အချိန်ကိုတောင်ရောက်နေပြီပဲ
အခုထိငါ့ အတွက်အလွမ်းတွေရှိနေသေးတယ်
နောက်ရာက်တွေမှာလဲ ငါ့ရဲ့ရင်မှာရှိနေတဲ
အလွမ်းတွေ ပြီးဆုံးသွားနိုင်မယ်လို့မထင်ဘူးကွာ။
ငါ့အတွက်က အလွမ်းတွေ...........
မင်းပေးခဲ့ပေမယ့် မင်းကတော့........
တပါးသူရင်ခွင်ထဲမှာပျော်မြူးနေမှာပဲနော်။
မင်းငါ့ကို နာကြဉ်ဖွယ်အလွမ်းတွေပေးခဲ့ပေမယ့်
မိန်းကလေး........................
ငါ့ဘက်ကတော့ မင်းအတွက်ရည်စူးထားတဲ့
အချစ်ဆိုတဲ့ မေတ္တာတရားတွေ.........
ရှိနေတုန်းပဲကွာ။
မင်းပြောခဲ့ဘူးတယ်လေ..............
“သဇင်ပန်းဆိုတာ သူမှီခိုနေတဲ့သစ်ပင်မရှိတော့ရင်
သဇင်ပန်းလေးလဲမရှိနိုင်တော့ဘူးတဲ့”
ချစ်သူ
တကယ်တော့ကွာ.................
ငါဆိုတဲ့ သစ်ပင်မရှိတော့ပေမယ့်
မင်းဆိုတဲ့သဇင်ပန်းလေးက မရှိနိုင်တော့ပေမယ့်
သူ့ကို လူတွေကတန်ဖိုးထားကြတယ်
ငါဆိုတဲ့ သစ်ပင်ကတော့.........
ထင်း၊မီးသွေးအဖြစ်နဲ့သာ
လူတိုင်းရဲ့ အသုံးချခံလေးတစ်ခုဖြစ်ခဲ့ရပါပြီကွာ။
အခုမှာတော့.........................
မိန်းကလေးမင်းထွက်သွားခဲ့တာ
ငါ့အတွက်1နှစ်ဆိုတဲ့ အချိန်ကိုတောင်ရောက်နေပြီပဲ
အခုထိငါ့ အတွက်အလွမ်းတွေရှိနေသေးတယ်
နောက်ရာက်တွေမှာလဲ ငါ့ရဲ့ရင်မှာရှိနေတဲ
အလွမ်းတွေ ပြီးဆုံးသွားနိုင်မယ်လို့မထင်ဘူးကွာ။
ငါ့အတွက်က အလွမ်းတွေ...........မင်းပေးခဲ့ပေမယ့် မင်းကတော့........
တပါးသူရင်ခွင်ထဲမှာပျော်မြူးနေမှာပဲနော်။
မင်းငါ့ကို နာကြဉ်ဖွယ်အလွမ်းတွေပေးခဲ့ပေမယ့်
မိန်းကလေး........................
ငါ့ဘက်ကတော့ မင်းအတွက်ရည်စူးထားတဲ့
အချစ်ဆိုတဲ့ မေတ္တာတရားတွေ.........
ရှိနေတုန်းပဲကွာ။
မင်းပြောခဲ့ဘူးတယ်လေ..............
“သဇင်ပန်းဆိုတာ သူမှီခိုနေတဲ့သစ်ပင်မရှိတော့ရင်
သဇင်ပန်းလေးလဲမရှိနိုင်တော့ဘူးတဲ့”
ချစ်သူ
တကယ်တော့ကွာ.................
ငါဆိုတဲ့ သစ်ပင်မရှိတော့ပေမယ့်
မင်းဆိုတဲ့သဇင်ပန်းလေးက မရှိနိုင်တော့ပေမယ့်
သူ့ကို လူတွေကတန်ဖိုးထားကြတယ်
ငါဆိုတဲ့ သစ်ပင်ကတော့.........
ထင်း၊မီးသွေးအဖြစ်နဲ့သာ
လူတိုင်းရဲ့ အသုံးချခံလေးတစ်ခုဖြစ်ခဲ့ရပါပြီကွာ။
ကို့ချစ်သူ
ကောင်းကင်လမင်း ကြယ်တစ်စင်းနှင့်
ချစ်ကြိုးနှောင်သွယ် တကယ့်မေတ္တာ။
တမ်းတခါခါ ငါ့ဘ၀မှာ
မင်းနဲ့ချစ်ခြင်း တူတူယှဉ်လို့
အလွမ်းမလို ချစ်ခြင်းပိုလို့ စောင်းစားခဲ့တာ
မင်းတစ်ယောက်ပါ........
ထာဝစဉ်သာ ချစ်မေတ္တာကို
ကိုးကွယ်ခဲ့သူ ငါ့အတွက်မှာ တောင်းတခံစား
မင်းချစ်သူအား မေ့လျော့နေလား
လမင်းလေးနဲ့တုနှိုင်းယှဉ်သူ
ကို့ချစ်သူလေး။
လင်းထက်
Friday, February 15, 2013
ရိုးမြေကျ
ချစ်သူ မင်းနဲ့ ငါ ရဲ့အချစ်တွေ
ထာဝရ ခိုင်မြဲနေချင်တယ်။
ဘေးစကားကို ဘေးမှာချိတ်ထား
ကိုတို့နှစ်ဦးသာ အဓိက။
ခိုင်မြဲနေတဲ့ တို့လက်တွေကို
ပြုတ်ထွက်မသွားစေချင်ဘူး
ထာဝရတည်မြဲနေချင်တယ်။
ငါတို့ရဲ့အချစ်တွေလည်း ထာဝရ
တည်ရှိနေမယ် ဆံဖြူသွားကြိုး
ဘ၀မျိုးမှာ ကိုတို့ သစ္စာရှိစွာချစ်နေမယ်။
ငါတို့ရဲ့ အချစ်က ရိုးမြေကျခိုင်မြဲသွားစေချင်တယ်
ချစ်သူ။
မျှော်လင့်မိသူ
ထာဝရ ခိုင်မြဲနေချင်တယ်။ဘေးစကားကို ဘေးမှာချိတ်ထား
ကိုတို့နှစ်ဦးသာ အဓိက။
ခိုင်မြဲနေတဲ့ တို့လက်တွေကို
ပြုတ်ထွက်မသွားစေချင်ဘူး
ထာဝရတည်မြဲနေချင်တယ်။
ငါတို့ရဲ့အချစ်တွေလည်း ထာဝရ
တည်ရှိနေမယ် ဆံဖြူသွားကြိုး
ဘ၀မျိုးမှာ ကိုတို့ သစ္စာရှိစွာချစ်နေမယ်။
ငါတို့ရဲ့ အချစ်က ရိုးမြေကျခိုင်မြဲသွားစေချင်တယ်
ချစ်သူ။
မျှော်လင့်မိသူ
မောနင်းပါချစ်သူ
မင်းနဲ့တွေ့ချင်တယ် နံနက်ခင်း
............ချက်တင်ထဲမှာ။
မင်းကိုငါ့အချစ်တွေနဲ့ နှုတ်ဆက်ချင်တယ်
..............မောနင်းပါချစ်သူ။
မင်းအတွက်ငါ့ရဲ့ အချစ်တွေနဲ့
............တို့ရဲ့နံနက်ခင်းကိုစတင်မယ်။
နောက်နေ့နံနက်မှာလည်း မင်းကိုပြောချင်တာက
..............မောနင်းပါချစ်သူ။
လင်းထက်
............ချက်တင်ထဲမှာ။
မင်းကိုငါ့အချစ်တွေနဲ့ နှုတ်ဆက်ချင်တယ်
..............မောနင်းပါချစ်သူ။
မင်းအတွက်ငါ့ရဲ့ အချစ်တွေနဲ့
............တို့ရဲ့နံနက်ခင်းကိုစတင်မယ်။
နောက်နေ့နံနက်မှာလည်း မင်းကိုပြောချင်တာက
..............မောနင်းပါချစ်သူ။
လင်းထက်
Subscribe to:
Comments (Atom)












