Saturday, April 6, 2013

မင်းလေးအတွက်

ချစ်သူ့အတွက် ပန်းခင်းကြီးတစ်ခုလုံးပေးနိုင်ပေမယ့်
ဆူးခင်းကိုတော့ မပေးရက်ပါဘူးကွာ။

ပျော်ရွှင်ဖွယ်ကစားတစ်ခု ရင်ထဲမှာဆောက်ချင်ပေမယ့်
ငိုချင်ဖွယ်အလွမ်းတွေရှိတဲ့ ပြတိုက်တစ်ခုမပေးရက်ပါဘူးကွာ။

Friday, April 5, 2013

မင်းလေးခွင့်ပေးစေလို

မိန်းကလေးရယ် မင်းအနားမှာ
ပျံဝဲနေတဲ့ လိပ်ပြာငယ်လေးတွေ
နေရာမှာ ကိုဖြစ်လိုက်ချင်တယ်။

မင်းရဲ့ပါးပြင်လေးကိုနမ်းရှိုက်သွားမယ့်
လေပြောညှင်းရဲ့ ပရိယာယ်ကို
ကို.........................

Saturday, March 30, 2013

မင်းစိတ်ကြိုက်

အွန်လိုင်းမှာ မင်းအကောင့်လေး
စိမ်းနေတာတွေ့ပေမယ့်
ချစ်သူ...............
မင်းမတွေ့ချင်ရင်ငါမခေါ်ပါဘူး
မင်းစကားမပြောချင်ရင်ငါမပြောပါဘူး
မင်းဖုန်းကိုဆက်တာမကြိုက်ရင်ငါမဆက်ပါဘူး
မင်းရဲ့အချစ်ကငါ့အတွက်မဟုတ်ဘူးဆိုရင်
ချစ်ရတဲ့သူ....................
မင်းအချစ်ကိုငါမတောင်းခံပါဘူး
မင်းအမုန်းတွေကငါ့အတွက်ဆိုရင်
ငါ့ကျေကျေနပ်နပ်ကြီးလက်ခံပေးမှာ
ငါဆိုတဲ့အကောင်ကမင်းအတွက်
အမြဲသည်းခံ ပေးဆပ်ရင်းမင်းအချစ်ကိုစောင့်မျှော်နေတယ်ဆိုတော့
ချစ်သူ.........................
မင်းလေးသိထားပေးပါကွာ။                                                                   လင်းထက်



Tuesday, March 26, 2013

ရည်ရွယ်ထားတဲ့ချစ်လမ်းခရီးမှာ
တန်ပြန်တိုက်တဲ့ အမုန်းတွေများလွန်းလှတယ်
ချစ်သူ..............................
မင်းရင်ဆိုင်ရဲလား။
ရေဆုံ ဆင်းရမယ်ထင်တဲ့
ငါတို့ဘ၀မှာ....................
ရေဆန်ပြန်တက်ရမယ်ဆိုရင်
ချစ်သူ................
မင်းငြိုငြင်မှာလား။

Monday, March 25, 2013

အဝေးမှချစ်သူသို့

ချစ်သူ..............
အဝေးမှပို့ပေးလိုက်တဲ့ ကို့ရဲ့အချစ်နှလုံးသားတစ်စုံကို
မင်းရဲ့ရင်ခွင်ထဲမှာသိမ်းဆည်းထားစေလိုတယ်ကွာ
ကို့ရဲ့အချစ်နှလုံးသားက
သူရဲ့နားခိုရာရင်ခွင်တစ်ခုကို

Wednesday, March 20, 2013

ချစ်သူ
ဥသြ ငှက်လေးတွေရဲ့အသံဟာသာယာလို့
ကြည်နူးမနေပါနဲ့..................
သူက သူ့ရဲ့ချစ်ရတဲ့သူကို လွမ်းခွန်းဖွယ့်နေတာပါ။

ချစ်သူ
တစ်နှစ်မှာတစ်ခါပဲပွင့်တယ်ဆိုတဲ့

Sunday, March 17, 2013

လွမ်းလွန်းလို့သေနိုင်တယ်

စာတွေသာလုံးပန်းနေရတဲ့ ဒီအချိန်မှာ
ချစ်သူမင်းအတွက်ငါအချိန်မပေးနိုင်သေးတာ
မင်း.................................
နားလည်ပေးပါ
ငါ့ရင်ထဲမှာ မင်းကိုလွမ်းနေရတဲ့
စိတ်က ငါ့အတွက်သေသွားနိုင်တယ်ချစ်သူ
မင်းဘက်ကငါ့ကို စိတ်ကွက်နေတာ
ငါ့အတွက်ပိုခံစားရတယ်ချစ်သူ
မင်းရဲ့အမြင်တစ်ခုတည်းနဲ့